ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာက်ဆိုတာ

ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာက်ဆိုတာ

သင့်ခန္ဓာကိုယ်ပေါ်ကိုကဖင်းဓာက်ကဘယ်လိုအကျိုးသက်ရောက်စေတာလည်း..?

ကဖင်းဓာက်နဲ့ပတ်သက်လို့အနည်းငယ် ပြောပြပေးချင်ပါတယ်။

မနက်စောစောမှာကဖင်းဓာက်ပါတဲ့ ကော်ဖီတစ်ခွက်ကို သောက်ပြီးရင် တစ်နေ့တာကို တက်တက်ကြွကြွနဲ့ ဖြတ်သန်းနိုင်ပါတယ်နော်။ ဒါဟာ သင်နေ့စဉ်သောက်သုံးနေတဲ့ ကော်ဖီတစ်ခွက်မှာ ပါဝင်တဲ့ကဖင်းဓာက်က အာရုံကြောဖွဲ့စည်းမှုစနစ်ကို တက်ကြွလာစေ တာဖြစ်ပါတယ်။

သိသာထင်ရှားစေတဲ့ အချက်ကတော့ ကဖင်းဓာက်က သင့်ဦးဏှောက်ကို ရောက်ရှိလာတဲ့အချိန်မှာ ပိုမိုနိုးကြားတက်ကြွမှုကိုလှုံ့ဆော်ပေးနိုင်ပြီး လုပ်ငန်းခွင်မှာအာရုံတွေ လန်းဆန်းကာ အဆင်ပြေပြေနဲ့ ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ ယနေ့ ကမ္ဘာမှာ ကော်ဖီကို နှစ်ခြိုက်စွဲလန်းစွာနဲ့ သောက်သုံးနေတဲ့ ပမာဏဟာ  အရမ်းများပြားပါတယ်..ခရီးသွားနေရင်းနဲ့ ဖြစ်စေ..အလုပ်စားပွဲမှာ ထိုင်နေတဲ့ အချိန်မှာဖြစ်စေ ကော်ဖီတစ်ခွက်ကတော့ အနားမှာ ရှိနေတက်ပါတယ်။

ကဖင်းဓာက်များလွန်းရင်ဘာတွေဖြစ်လာနိုင်လည်း..?

အခုလိုပုံစံအမျိုးမျိုး၊ထုပ်ပိုးမှုအသစ်သစ်တွေနဲ့ Coffee တွေဈေးကွက်မှာ ပေါများလာတဲ့အချိန်မှာ အရသာရှိရှိနဲ့ ဘေးအန္တရာယ်ကင်းရှင်းတဲ့ ကော်ဖီအမျိုးအစားကိုသာ ရွေးချယ် သောက်သုံး သင့်ပါတယ်။ကဖင်းဓာက်ဟာ လိုအပ်တဲ့ ပမာဏမှာ လူကို အကျိုးပြုတာဖြစ်ပေမဲ့  ကဖင်းဓာက် များပြားစွာ သုံးစွဲမိရင်တော့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ရင်တုန်ပြီး အိပ်မပျော်တာတွေ ဖြစ်စေနိုင်ပါတယ်။

ကဖင်းဓာက်လွန်ကဲတဲ့ ကော်ဖီတွေသောက်ရင်လည်း နှလုံးတုန်ရင်ခုန်ပြီး မောပန်း လွယ်တက် ပါတယ်။ ညဘက်မအိပ်ချင်လို့လူတော်တော်များများက ကော်ဖီထုပ်တွေ သောက်ကြပါတယ်။ ဈေးကွက်မှာအလွယ်တကူရရှိနေတဲ့ ကော်ဖီမှုန့်တွေမှာ ကဖင်းဓာက်အတော်များများ ပါဝင်တာကို သတိပြုမိမယ်ထင်ပါတယ်။ တစ်ခါတစ်လေ သောက်လို့အဆင်ပြေပေမဲ့ ရေရှည်စွဲသောက်ရင် အထက်မှာ ပြောခဲ့သလိုနှလုံးတုန်ခြင်း ..စိတ်မငြိမ်မသက်ခြင်းမျိုးတွေဖြစ်လာတက်ပါတယ်။

ကဖင်းဓာက်ဟာ ကော်ဖီမှာတင်မကပါဘူး ..လက်ဖက်ရည်၊ ဆိုဒါတွေမှာလည်း ပါဝင်နိုင်ပါတယ်.. ကဖင်းဓာက်ပါတဲ့ ကော်ဖီတွေကို သင့်တင့်ရုံသာ သောက်ရင်တော့ စိတ်ပူစရာမလိုအပ်ပါဘူး ။ နေ့စဉ် နေ့တိုင်းမှာလည်း ကဖင်းဓာက်တွေက လူကို အကျိုးပြုတာကို သိရှိနိုင်ပါတယ်။ ကမ္ဘာ့စားသုံးသူ အစီရင်ခံစာတစ်ခုအရ မနက်စောစောမှာ တက်ကြွနိုးကြားတဲ့ စိတ်တွေဖြစ်ပေါ်စေဖို့အတွက် 400 milligrams ခန့်ဟာ နေ့စဉ် ကဖင်းဓာက်ပါတဲ့ ကော်ဖီကို သောက်သုံးနေကြတာဖြစ်ပါတယ်။

သင်းပျံ့ပြီးအရသာပြည့်ဝတဲ့ ကော်ဖီတစ်ခွက်ကို ဘယ်လိုသောက်နိုင်မလဲ..?

အများစုကတော့ ဈေးကြီးတဲ့ ကော်ဖီဆိုင်တွေကို လက်ညိုးထိုးပြ ကြပါလိမ့်မယ်။ ဒါဟာ တစ်စိတ် တစ်ဒေသတော့ မှန်ကောင်း မှန်နေပါလိမ့်မယ်။ အကောင်းဆုံးကတော့ အရသာရှိပြီး ရနံ့သင်းပျံ့တဲ့ ကော်ဖီတစ်ခွက်ကို အချိန်မရွေး သောက်ချင်တယ်ဆိုရင်တော့ သင့်အိမ်မှာ ကော်ဖီစက်တစ်ခုသာ ဝယ်ယူထားလိုက်ပါ။

များပြားတဲ့ ကော်ဖီအမျိုးအစားတွေကို ရွေးချယ်နိုင်ပြီး သင်ဟာ တိတ်ဆိတ်အေးချမ်းမှုကို လိုလားတဲ့သူဆိုရင်တော့ စာအုပ်တစ်အုပ် ကော်ဖီတစ်ခွက်နဲ့ စနေတနင်္ဂနွေလို နေ့ရက်တွေမှာ ဇိမ်ရှိရှိနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

0
    0
    Your Cart
    Your cart is emptyReturn to Shop