
Coffee နဲ့ သူ့ရဲ့သမိုင်းကြောင်း
Coffee ဟာ ကမ္ဘာ့အကောင်းဆုံး အဖျော်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်ဆိုတာ အားလုံးသိပြီးကြပြီး ဖြစ်ပါတယ်.. ဟုတ်ပါပြီ….. ဒီလိုဆိုရင် ကော်ဖီကို ဘာကြောင့် လူကြိုက်များလာရတာလဲ? ဒီတစ်ခါမှာတော့ အစားအသောက်လောကထဲ ဘုရင်တစ်ပါးလို လွှမ်းမိုးထားတဲ့ ကော်ဖီရဲ့သမိုင်းကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။
ကော်ဖီဆိုတာ
- ရွှေမဲ (black gold) လို့ခေါ်တဲ့ ဆီ (oil) ကို ကမ္ဘာပေါ်မှာတန်ဖိုးအမြင့်ဆုံး အရည်အဖြစ် သတ်မှတ်ထားပါတယ်.. ဒုတိယအနေနဲ့ ကော်ဖီဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကုန်စည်တွေထဲမှာ ပါဝင်နေပြီး စီးပွားရေး၊ လူမှုရေးအပြင် နိုင်ငံရေးအင်အားတွေအထိ အရေးပါနေတာဖြစ်ပါတယ်။
- သုတေသီတွေရဲ့အဆိုပြုချက်အရ လူတွေဟာနေ့စဉ် ကော်ဖီခွက်ရေ သန်းပေါင်းနှစ်ထောင်ကျော် သောက်သုံး နေကြတာပဲဖြစ်ပါတယ်.. ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူသားတိုင်း ကော်ဖီသောက်သုံးကြပါတယ်။ သင်လည်း ဒီဆောင်းပါးကိုဖတ်နေစဉ် ကော်ဖီတစ်ခွက် သောက်ချင်သောက်နေမှာပါ။ ဒီဆောင်းပါးကို ကော်ဖီလေးတစ်ခွက် သောက်ပြီးရေးထားတာပါ။ ဒါပေမဲ့ ဒီကော်ဖီနဲ့ပတ်သတ်ပြီး ကျွန်မတို့ ဘယ်လောက်ထိ သိထားပါသလဲ?

ဒဏ္ဍာရီလာ coffee
- ကော်ဖီကို ပထမဆုံးသောက်သုံးခွင့်ရခဲ့တဲ့ ကံအကောင်းဆုံးလူသားဟာဘယ်သူပါလဲ? သေချာတာကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမှသေချာသိနိုင်မှာ မဟုတ်ပါဘူး။ သို့သော်လည်း ရိုးရာပုံပြင်တွေအရတော့ ကယ်ဒီ (Kaldi) ဆိုတဲ့ ဆိတ်ကျောင်းသားလေးက ကော်ဖီကို စတင်တွေ့ရှိခဲ့တာပါ.. ကယ်ဒီဟာ CE 6 ရာစုအစောပိုင်းလောက်မှာ ကော်ဖီစတင်တွေ့ရှိရာ မူလရင်းမြစ်ဖြစ်တဲ့ အီိသီရိုးပီးယားရဲ့တောင်ပေါ်ဒေသလေးမှာ နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။
- တစ်နေ့မှာတော့ ကယ်ဒီ (Kaldi) ဟာ သူ့ရဲ့ဆိတ်တွေ ချယ်ရီသီးလို အနီရောင်အသီးသီးတဲ့ အပင်တစ်ချို့ဆီက အသီးတွေစားပြီး ညဘက်မအိပ်တော့ဘဲ အင်အားတွေပြည့်ဝနေတာကို သတိထားမိတော့တာပါပဲ။ ဒါနဲ့ပဲ ကယ်ဒီ (Kaldi) ကိုယ်တိုင် အနီရောင်အသီးတွေကို စမ်းစားကြည့်တဲ့ အခါမှာတော့ သူလည်းတူညီတဲ့ အကျိုးအာနိသင်ကိုခံစားရတယ်တဲ့။ ဒီနေရာမှာ caffeine ဓာတ်ဟာ ယနေ့ခေတ်လူသားတွေအတွက် အဓိကကျတဲ့အစိတ်အပိုင်း မဖြစ်လာခင်ကတည်းက ကော်ဖီစေ့မှာပါရှိတဲ့ နိုးကြားစေတဲ့ဓာတ်ဟာ ဘယ်လိုလဲဆိုတာကို ကယ်ဒီရဲ့အတွေ့အကြုံကိုကြည့်ပြီး caffeine ဓာတ်ဆိုတာကို ပုံဖော်ကြည့်လို့ရနိုင်ပါတယ်။
- တစ်ဆက်တည်းမှာပဲ ကယ်ဒီ (Kaldi) ဟာ ဝမ်းသာအားရနဲ့ တောင်ပေါ်ဒေသခံဘုန်းကြီးဆီ သွားပြောတော့တာပါပဲ။ ဒါနဲ့ပဲ ဘုန်းကြီးလည်း ကျောင်းပတ်ပတ်လည် ညနေခင်းတရားထိုင်သူတွေအတွက် လန်းဆန်းနေစေဖို့ အဲ့ဒီအသီးတွေကို ဝေမျှပေးတော့တာပေါ့။ ဒီထူးဆန်းတဲ့အသီးရဲ့သတင်းဟာ စားမြဲအစားနဲ့ တွဲစားတဲ့အစားအစာအဖြစ် မြောက်အမေရိကတိုက် အစွန်းပိုင်းတွေအပြင် အာရေဗျကျွန်းဆွယ်တွေအထိ လျင်မြန်စွာပဲပြန့်နှံ့သွားပါတယ်။
- အာရေဗျကျွန်းဆွယ်ကသူတွေဟာ coffee သူတို့အခေါ် ကာဝါ (qahwah) ကို အလွန်ပဲနှစ်ခြိုက် ကြပါတယ်။ သူတို့တွေဟာ ကော်ဖီကို အိမ်၊ ကော်ဖီဆိုင်နဲ့ အခြားသောလူစည်ကားတဲ့နေရာတွေမှာ အချင်းချင်းစကားစမြည်ပြောဆိုရင်း သောက်သုံးကြတာပါ။ ဒီလိုဆို အာရေဗျမျိုးနွယ်စုတွေ သောက်သုံးတဲ့ ကော်ဖီဆိုတာဘယ်လိုမျိုးလဲ?
- ပါဝင်ပစ္စည်းတော်တော်များများကို ကော်ဖီပင်ကရရှိတဲ့ ကော်ဖီသီးကိုသာ အသုံးပြုထားပြီး လက်ဘက်ရည်နဲ့တောင် အလားသဏ္ဍန် ဆင်တူနေပါတယ်။ အခြားကော်ဖီသီးရဲ့ အစိတ်အပိုင်းတွေကိုတော့ အချဉ်ဖောက်ပြီး ကော်ဖီဝိုင်အဖြစ် သောက်သုံးကြပါသေးတယ်။ 13 ရာစုမှာတော့ လူတွေဟာ ကော်ဖီသီးထဲက ကော်ဖီစေ့ကိုကြိတ်ပြီး ယနေ့သောက်သုံးနေတဲ့ ပုံစံအတိုင်း အမှုန့်ကြိတ် သောက်သုံးလာကြတော့တာပဲ ဖြစ်ပါတယ်။