ကော်ဖီအကြောင်းပြောရရင် တစ်ကယ်ကို မကုန်နိုင်လောက်ဘူးလို့ထင်ပါတယ်..အကြောင်းအရာ များစွာတွေထဲက တစ်ခုကို ပြောပြရရင် နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ၏ Over the Teacups ထဲတွင် “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတစ်ခွက်ကရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်း လဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” လို့ ညွှန်းဆိုထားတာဖြစ်လို့ မနက်ခင်းပိုင်းတွေမှာ ကော်ဖီတစ်ခွက်ကို မဖြစ်မနေ သောက်ပေးသင့်တာကတော့ အသေအချာပါပဲ..
နောက်ထပ် ပြောချင်တာတစ်ခုက ကော်ဖီယဉ်ကျေးမှုရဲ့လွှမ်းမိုးမှုကတော့ တကယ့်ကို အံ့မခန်းပါပဲ..အလှုမင်္ဂလာပွဲများမှာလည်း ကော်ဖီ သောက်သုံးသော ယဉ်ကျေးမှုများ ထွန်းကားလျှက်ရှိတာကို ကြည်နူးနှစ်သက်ဖွယ် မြန်မာ့ ဓလေ့တစ်ခုအနေနဲ့ တွေ့မြင်ကြရမှာဖြစ်ပါတယ်..ကျေးလက် မင်္ဂလာဆောင်များမှာ ညနေပိုင်းအချိန် မင်္ဂလာဆောင်အကြိုအနေနဲ့ ကော်ဖီနဲ့မုန့်များ ကျွေးသည့် ချစ်စရာ ဓလေ့ထုံးတမ်းလေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်..
ကော်ဖီမှာလည်း နှပ်၍သောက်ရသော ကော်ဖီများ သာမက၊ အလွန်ခါးသော Maxwell ကော်ဖီ၊ ကော်ဖီ Latte၊ Ness ကော်ဖီ၊ မိုခါးကော်ဖီ၊ Cappuccino, Espresso, Creamy, Floating ကော်ဖီ၊ Black ကော်ဖီ၊ Decaf (ခေါ်) ကဖိန်းဓာတ် ပါဝင်မှု အလွန်နည်းသောကော်ဖီ … စသည် ဖြင့် တံဆိပ်အမျိုးမျိုး နှင့် နိုင်ငံစုံ Ready Made (2 in 1), (3 in 1) ကော်ဖီများကို ကော်ဖီဆိုင်ထိုင်၍ သော်လည်းကောင်း၊ မိမိအိမ်တွင် ကော်ဖီစက်များဖြင့် လည်းကောင်း သောက်သုံးနေကြတာဖြစ်ပါတယ်..
Italy Espresso ၏ အရသာကတော့ အလွန်ခါးတာဖြစ်လို့ အနောက်နိုင်ငံသားများက ထိုကော်ဖီခါးခါးမှာ သကြားလုံးဝမထည့်ဘဲ ကော်ဖီအဆီရဲ့အရာကို ဇိမ်ခံ၍ သောက်ကြပြီး မြန်မာကော်ဖီချစ်သူများ ကတော့ သကြား စားပွဲတင်ဇွန်း (၂)ထက်မနည်း ထည့်သောက်နေကြတာ ဖြစ်လို့ မတူကွဲပြားတဲ့ ခံစားမှုများကို ရရှိနိုင်တာ ဖြစ်ပါတယ်..
မြန်မာပြည်၏ Coffee Shops ဆိုင်များတွင် ကော်ဖီစက်ကိုသုံးကာ၊ အီတလီမှလာသော ကော်ဖီစေ့များကို အမှုန့် ကြိတ်၍၊ ယခုဖျော် ယခုသောက် ပုံစံခေတ်စားလျှက်ရှိပါတယ်..
မြန်မာကော်ဖီချစ်သူများ ခံတွင်းလိုက်စေမယ့် ကော်ဖီ ၃၀ မီလီ လီတာကို အဆီမပါ သောနို့ ကရမ် ၁၂ မီလီ လီတာ၊ သကြားစားပွဲတင်ဇွန်း(၂)ဇွန်း ဖြင့် အရစ်(၃)ရစ်ခွဲကာ pump စက်ကိုသုံး၍ အပေါ်မှ အမြှုပ်ရိုက်ကာ လိပ်ပြာပုံ၊ အသည်းပုံ နှင့် အရုပ်ကလေးများ ဖြင့်အလှဆင်ထားသော Italy Cappuccino ၊ ထိုပုံစံမျိုးဖြင့် အဆီမပါသောနို့ ကရင်(မ်) ၁၆ မီလီလီတာထည့်ကာ ခွက်ပုံစံပြောင်းထားသော CaféLatte ၊ ထိုပုံစံမျိုးဖြင့် ချောကလက်တစ်လွှာ ခင်းထားသော Mocha Coffee ၊ ဘလက်ကော်ဖီကဲ့သို့ နို့ လုံးဝမပါဘဲ ၊ ကော်ဖီအဆီ ၁၀ဂရမ် ထည့်ထားသော Italy Espresso ကော်ဖီပြင်းပြင်း …စသည်တို့ ကို အဆင့်အတန်းမှီကော်ဖီစက်များကို အသုံးပြုပြီး အရသာရှိရှိနဲ့ သောက်သုံးနိုင်ကြပါပြီ..